Popular Posts

Saturday, August 3, 2013

ချင်းပြည်နယ်က စာသင်ကျောင်းလေး


စာသင်ကျောင်းတဲ့ ချင်းပြည်နယ် မင်းတပ်မြှိုနယ် ကျော့တော်ရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေး ကျောင်းလေးကတော့ ပြိုတော့မယ့်အနေထား ဒီကျောင်းလေးကနေ ဘွဲ့ရပညာတတ်ကျောင်းသားတွေ သုံးလေးဆယ်လောက်တောင် ထွက်ခဲ့ပြီတဲ့လေ။
နိုင်ငံ့တာဝန်ထမ်းနေတဲ့သူတွေထဲမှာ ဒီကျောင်းလေးကနေ ပညာသင်ခဲ့ရတဲ့သူတွေတောင်ရှိနေတယ်။
အခုတော့ ကျောင်းလေးကို ပြင်နိုင်ဘို့ သူတို့တွေကြိုးစားသော်လဲ ရတဲ့လခက ကြက်သောက်ရေဆိုတော့ အဆင်မပြေကြဘူး ဦးဇင်းတို့တွေဝိုင်းဝန်းကြိုးစားပေးမယ်ဆိုတော့ ရွာသားတွေပျော်နေလိုက်ကြတာ။ သို့သော်လဲ ပြောတာပြောခဲ့ရတာ ကိုယ်တိုင်က 12 လပြည့်လို့ တစ်ပြားဝင်ငွေမရှိဘူး ဘယ်စေတနာရှင်နဲ့တွေ့မလဲ စေတနာရှင်ကိုအားကိုးနဲ့ ပြင်မယ်လို့ပြောမိခဲ့တယ်။
အခုတော့ .....စေတနာရှင်ရှာနေတုန်းပေါ့..။

ချင်းတောင်နဲ့ကျုပ်ဆရာ





 ကိုယ်တိုင်ချင်းပြည်နယ်ကိုရောက်တော့  ကိုယ့်ဆရာတော် ဒီနေရာမှာ သာသနာပြုခဲ့တယ်ဆိုတာမယုံချင်သလိုတောင်ဖြစ်နေတယ်။ရာသီဥတုက အေးလိုက်တာမှ နွေရာသီမှာတောင်
ကျောစိမ့်အောင်ချမ်းလိုက်တာများ ။အရင်တုန်းကတော့ ဒါထက် နှစ်ဆလောက်တောင်အေးတယ်ဆိုပဲ အခုတော့ တောတောင်တွေပြုန်းတီးလို့ အအေးပေါ့သွားပီတဲ့ ချင်းစကားသံတစ်ဝက် ဗမာသံတစ်ဝက်နဲ့လာပြောတဲ့ ချင်းလူမျိုးအဖွားတစ်ယောက်ရဲ့စကားကြောင့်နည်းနည်းတော့ စဉ်စားမိတယ်။ ဟုတ်နိုင်ပါတယ်လို့။ သူတို့ရဲ့အစားအသောက်တွေ နေထိုင်မှုတွေနဲ့ ကိုယ့်ဆရာရဲ့ရောဂါနဲ့ အံဝင်ခွင်ကျဖြစ်ဘို့ဆိုတာ လိပ်ကန်းနဲ့ ထွန်တုံးပေါက်က ဖြစ်နိုင်ပါတယ်။ ရန်ကုန်လိုမြို့ပြကြီးမှာ နေရတာတောင် တစ်လသုံးခါလောက် ရောဂါဖောက်နေတဲ့ကို့ဆရာက ချင်းတောင်မှာ သာသနာပြုတယ်ဆိုတာ သူမှတ်ကျောက်တင်ခဲ့တဲ့ တိုင်းရင်းသားပညာတတ်လေးတွေ လျှပ်စစ်မီးတွေမြင်လိုက်ရတော့မှ ယုံချင်သလိုဖြစ်လာတယ်။ ငယ်ငယ်တည်းဖွားဖက်တော် ရင်ကြပ်ရောဂါနဲ့ အတူ ပျော်ပါးလာတဲ့ဆရာ ဒီလိုနေရာမှာ တာဝန်နဲ့အသက်ကို ရွေးချယ်လိုက်တယ်ဆိုတာ တက္ကသိုလ်ကပေးတဲ့ ဘီအေဘွဲ့ထက် ပိုတဲ့တန်ဘိုးတစ်ခု သူရွေးချယ်လိုက်တာနေမှာပါ။ ကိုယ်တိုင်မှတ်ချက်တစ်ခုချလိုက်တယ် သူ့မှာ တန်ဘိုးကြီးတဲ့အရာတစ်ခုပိုင်ဆိုင်ထားတယ်ဆိုတာပါပဲ။