အောင်မြင်အော
င်လုပ်ရမလည်းဆိုတဲ့ပုံသေနည်းတော့မရှိပါဘူး။
ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတာတွေတော့ရှိပါတယ်။ သင့်အလုပ်မှာ သင်လူတွေကို
ပေါင်းသင်း ဆက်ဆံရေးကောင်းကောင်းနဲ့ပေါင်းသင်းရင်းနဲ့ အလုပ်ထဲကလူတွေနဲ့
အဆင်ပြေမယ်ဆိုရင် သင် Ph.D ရတာထက်ပိုကောင်းပါတယ်။ သင်သာ သင်လိုချင်တဲ့
အခြေအနေတခုကို ရအောင်ဖန်တီးမယ်ဆိုရင်
အောင်မြင်တဲ့လူတွေလုပ်တဲ့အရာတွေကိုလုပ်နိုင်ပါတယ်။
(၁)
အလုပ်တိုင်းအလုပ်တိုင်းမှာ အလုပ်နဲ့သင့်တော်တဲ့အလုပ်သမားကောင်းတွေရှိပါတယ်။
အလုပ်မှာပျော်ရွှင်ဖို့အတွက် အလုပ်မှာပဲ ပျော်ရွှင်မှုရှာရပါမယ်။
အလုပ်မှာမပျော်ရွှင်တာဟာ မရှာဖွေလို့ပါပဲ။ အဲလိုမှမဟုတ်ရင် သင့်မှာ
အလုပ်လျှောက်လွှာတွေတပုံတပင်ဖြစ်သွားပါမယ် သင်အဆင်ပြေမှာမဟုတ်ပါဘူး။
အလုပ်မှာ တယောက်နဲ့တယောက်နည်းလမ်းပြလမ်းညွန်ပေးတာမျိုးဖြစ်သင့်ပါတယ်။
(၂)
သင့်အချိန်တွေကိုဘယ်လိုအသုံးချမလည်းဆိုတာလည်းအရေးကြီးပါတယ်။
ကိုယ်စိတ်ဝင်စားတာကိုလိုက်ရှာနေမဲ့အစား ငါအနားယူတဲ့အခါ
ဘာလုပ်မလည်းတွေးနေမဲ့အစား ပေါ့ပေါ့ပါးပါးနေလိုက်တာ သင့်အတွက်ကောင်းပါတယ်။
(၃)
သင့်ရုံးခန်းထဲမှာသင်ဘာပစ္စည်းထားလည်းဆိုတာက
သင်ဘယ်လိုလူလည်းဆိုတာကိုပြောပါတယ်။ စားပွဲခုံရှုပ်ပွထားတာဟာ သင့်အလုပ်လုပ်တာ
အရည်အသွေးမပြည့်မီပုံပေါ်ပါတယ်။ ဒါပေမဲ့ အပြည့်အ၀ကြီးတော့မဟုတ်ပါဘူး။
အလုပ်ကိုမကြည့်ပဲစားပွဲခုံကိုပဲကြည့်ဝေဖန်တာမျိုးဆိုရင်တော့
သိပ်ပြသာနာမဟုတ်ပါဘူး။ နံရံပေါ်မှာတင်ထားတဲ့အတိုင်း
လူတွေကိုထင်စေချင်ရင်တော့ သင့်ကိုထင်စေချင်တဲ့အတိုင်း
သင်ပြုလုပ်ထားလိုက်ပါ။ ဒါမှမဟုတ်လည်း အခန်းတွင်းအလှပြင်တဲ့လူနဲ့
ပြင်ဆင်လိုက်ပါ။
(၄) ရုံးခန်းမှာ
အလုပ်တွေတော်တော်များများပြီးတဲ့လူဟာ အလုပ်စားပွဲမှာထိုင်ပြီး
အလုပ်လုပ်နေတဲ့လူတွေမဟုတ်ပါဘူး။ တကယ်တော့
နင်လုပ်ရမယ်ဆိုတဲ့အလုပ်တွေထဲမှာပါတာတွေကိုလုပ်ရတာမဟုတ်ပါဘူး။
တကယ်အလုပ်ဆိုတာ သူဌေးက ဘယ်လိုလိုချင်လည်း တခြားလူတွေက
ဘာတွေကိုဂရုစိုက်တာလည်း သိဖို့အရေးကြီးပါတယ်။ အရေးကြီးဆုံးက အလုပ်ထဲမှာ
သင့်ပုံစံက မာကျောမနေဖို့အရေးကြီးတာပါတယ်။ အလုပ်မှာ
အလုပ်အရမ်းကြိုးစားတဲ့ပုံမပေါက်ဖို့လည်းလိုပါတယ်။ အဲလိုတွေလုပ်ပြတော့လည်း
သူများတွေထက်အလုပ်လုပ်တာနည်းလို့ ကြိုးစားနေတာလား သိဖို့လိုပါတယ်။
ကိုယ်ဘာလုပ်လည်းဆိုတာကိုပြန်စဉ်းစားပါ။ ကိုယ့်ဟာကိုယ်ပြန်မေးပါ။
ကိုယ့်အချိန်တွေကို ထိန်းချုပ်နိုင်ရပါမယ်။
ကိုယ်လိုချင်တဲ့ရည်မှန်းချက်ရောက်ဖို့ကို ကြိုးစားရပါမယ်။ ဒါပေမဲ့
ကိုယ်ကြိုးစားတာတွေက သူများရည်မှန်းချက်ရောက်ဖို့တော့မဖြစ်ရပါဘူး။
(၅)
voicemail ကိုသုံးတာထက်
အီးမေလ်ကိုအသုံးပြုတာပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။ voicemail ကနေ
ဘာသာပြန်ရတာလည်း အဆင်မပြေပါဘူး။ ဘယ်သူကမှာ voicemail ကိုမသုံးကြတော့ပါဘူး။
တော်တော်ကြိုးစားပါကွာ
ReplyDelete